OnePlus အနေနဲ့ လာမယ့် မတ်လ လောက်မှာ သူတို့ရဲ့ Flagship Series အသစ်ဖြစ်တဲ့ OnePlus 9 Series ကိုမိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ ဒီ OnePlus 9 Series နဲ့ပတ်သက် ၂၀၂၀ ၊ အောက်တိုဘာလကတည်းက သတင်းတွေထွက်ခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း OnePlus 9 ၊ 9 Pro တို့ရဲ့ Specs တွေထပ်ထွက်လာခဲ့့ပါပြီ။ 

ဒီ Specs တွေကိုတော့ ထုံးစံအတိုင်းပဲ Digital Chat Station ကနေ Weibo မှာတင်ခဲ့တာပဲဖြစ်ပါတယ်။ Digital Chat Station အရ OnePlus 9 နဲ့ 9 Pro မှာ Punch-hole Displays ကိုသုံးပေးလာမယ်လို့သိရပါတယ်။ ရိုးရိုး OnePlus 9 မှာတော့ 120hz Refresh Rate နဲ့ Full HD Resolution ထောက်ပံ့ပေးထားတဲ့ 6.65-inch  Flat AMOLED Display ကိုသုံးပေးလာနိုင်ပြီး OnePlus 9 Pro မှာတော့ Quad HD+ Resolution ၊ 120Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ 6.78-inch AMOLED Curved Display ကိုသုံးပေးလာမယ်လို့ Digital Chat Station ကဖော်ပြထားပါတယ်။ ဖုန်းတွေရဲ့ Display ဘယ်ဘက်ထောင့်တပ်ဆင်ပေးထားတဲ့   Punch-Hole ရဲ့အရွယ်အစားကလည်း 3.8mm ရှိမယ်လို့ဖော်ပြထားပါသေးတယ်။

Performance အတွက်တော့ OnePlus 9 နဲ့ 9 Pro မှာ  Snapdragon 888 Chipset အသစ်နဲ့အားဖြည့်ပေးမယ်လို့သိရပါတယ်။ ဖုနတွေရဲ့ Battery ပမာဏအတိအကျကိုတော့ Digital Chat Station ကနေဖော်ပြထားခြင်းမရှိပေမယ့် ဖုန်းနှစ်လုံးစလုံးမှာ 4,500mAh Battery ထက်ပိုများတဲ့ Battery ပါလာမယ်လို့ဖော်ပြထားပါတယ်။ ပုံမှန်အားဖြင့်ဖုန်‌းတွေမှာ Battery များလာရင် အလေးချိန်ပိုများတတ်ပေမယ့် ဒီ OnePlus 9 နဲ့ 9 Pro ကတော့ 200 Grams ထက်ပိုလာဖို့မရှိဘူးလို့သိရပါတယ်။ အထူအနေနဲ့တော့ OnePlus 9 မှာ 8mm အထူ ၊ OnePlus 9 Pro မှာ 8.5mm အထူဆိုပြီး အသီးသီးရှိလာမှာပါ။

အရင် Live ပုံတွေမှာထွက်ခဲ့တဲ့ Specs တွေအနေနဲ့  OnePlus 9 မှာ 8 GB of RAM, 128 GB of Storage, Android 11 OS, 48-Megapixel Main Rear Camera,  16-Megapixel Front Camera စတဲ့ Specs တွေပါလာမယ်လိုသိထားရပြီး OnePlus 9 မှာထူးထူးခြားခြားပဲ wireless charging ထောက်ပံ့ပေးလာမယ်လို့သိရပါတယ်။OnePlus 9 Pro မှာတော့ 45W fast wireless Charging ထောက်ပ‌ံ့ပေးလာမယ်လို့သိရပါတယ်။

လက်ရှိမှာ OnePlus 9 Series ထဲမှာပါလာမယ့် OnePlus 9 Lite ရဲ့ Specs အတိအကျကိုတော့မသိရသေးပေမယ့် လောလောလတ်လတ်ထွက်ထားတဲ့ သတင်းတွေအရ OnePlus 9 Lite ဟာ တရုတ်နဲ့ အိန္ဒိယမှာပဲမိတ်ဆက်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ ‌Specs တွေအနေနဲ့ Snapdragon 865 Chipset သုံးလာမယ့်အကြောင်းပဲသတင်းတွေထွက်ထားပါတယ်။

မှတ်ချက်အနေနဲ့ ဒီ Specs တွေကို OnePlus ကနေအတည်ပြုထားခြင်းမရှိသေးတဲ့အတွက် ဖုန်းထွက်လာတဲ့အခါ Specs တွေအပြောင်းအလဲရှိနိုင်တာကို နားလည်‌ပေးစေချင်ပါတယ်။ 

Ref : Gizmochina

Author