Samsung အနေနဲ့ လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ သူတို့ရဲ့ Flagship Chipset အသစ်ဖြစ်တဲ့ Exynos chipset ကိုမိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ Chipset ရဲ့ နာမည်အတိအကျကိုတော့ Samsung ဘက်ကဖော်ပြထားခြင်းမရှိပေမယ့် Exynos 2100 ဆိုတဲ့နာမည်နဲ့ထွက်လာမယ်လို့ သတင်းတွေထွက်ထားပါတယ်။ ဒီ Chipset ဟာဆိုရင် Samsung ရဲ့ Exynos Chipset တွေထဲမှာ Performance အမြင့်ဆုံးဖြစ်လာမှာပါ။ မကြာခင်မှာထွက်လာတော့မယ့် Samsung Galaxy S21 series မှာသုံးလာမယ့် Chipset လို့လည်းပြောလို့ရပါတယ်။ 

Chipset နဲ့ပတ်သက်ပြီးထွက်ထားတဲ့ Specs တွေအနေနဲ့  Exynos 2100 Chipset ဟာ 5nm Process အပေါ်အခြေခံထုတ်လုပ်လာနိုင်ပြီး CPU ပိုင်းမှာ  1xCortex-X1(Clocked at 2.91GHz)- Ultra-High-Performance Core  ၊ 3xCortex-A78(Clocked at 2.8GHz)-High-Performance Cores ၊ 4x Cortex-A55(Clocked at 2.4GHz)- Power Efficiency Cores စုစုပေါင်း Core ၈ ခုပါဝင်လာနိုင်တယ်လို့သိထားရပါတယ်။ GPU အတွက်တော့ ARM’s Mali-G78 GPU နဲ့ထည့်ပေးလာမှာပါ။ 5G Chipset ဖြစ်တဲ့အတွက်  5G modem လည်းပါလာမှာပါ။ 

ဒီ  Exynos 2100 Chipset  ကိုတော့ ထုံးစံအတိုင်း US Region က S21 Models တွေမှာသုံးပေးလာမှာမဟုတ်ဘဲ တစ်ခြား Region မှာထွက်တဲ့ S21 Models တွေမှာသုံးပေးလာမှာပါ။ US Region အတွက် Snapdragon 888 Chipset နဲ့ပဲသုံးပေးလာမှာပါ။ 

ဆိုတော့ ဒီ Exynos 2100 Chipset ဟာ Snapdragon 888 Chipset နဲ့ယှဉ်ရင် ဘယ်အပိုင်းတွေမှာပိုသွားသာသွားမလဲ?? မိတ်ဆက်လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ကို  ကျွန်တော်တို့နဲ့အတူစောင့်မျှော်ကြည့်ရှုလိုက်ရအောင်…

Ref: XDA-Developers

Author