လွန်ခဲ့တဲ့ရက်တွေမှာ အကြီးအကျယ် Tease လုပ်ပြခဲ့တဲ့ Xiaomi ရဲ့ Mi CC9 Pro ကို ဒီကနေ့ တရားဝင် မိတ်ဆက်သွားပါပြီ။

တရားဝင် မိတ်ဆက်သွားတဲ့ Mi CC9 Pro  အကြောင်လေးတွေကို ပြန်ပြီးတော့ ဖောက်သည်ချရမယ်ဆိုရင်ဖြင့်…

ကင်မရာ အားလုံးပေါင်း ၅လုံးအထိ ပါဝင်ပြီး ၅ လုံးပြူး Penta Camera Setup ထဲမှာ…

108MP Main

12MP Depths 

20MP Ultrawide

5MP Telephoto

2MP Macro တို့ အသီးသီးပါဝင်ပါတယ်။

သူ့ရဲ့ Camera Setup ဟာ တော်တော်လေးပြည့်စုံပါတယ်။ 

ပြီးတော့ Dxomark ဆိုတဲ့ စမတ်ဖုန်းတွေရဲ့ ကင်မရာ/ဓာတ်ပုံ အရည်အသွေးကို စမ်းသပ်စစ်ဆေး အကဲဖြတ်တဲ့ အဖွဲ့အစည်းမှာ အမြင့်ဆုံး ဖြစ်တဲ့ 121 မှတ်ကို Huawei Mate 30 Pro နဲ့အတူ ပူးတွဲရရှိထားလို့ Mi CC 9 Pro ကို ကမ္ဘာ့ ကင်မရာ အကောင်းဆုံးဖုန်းတွေထဲက တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
*Penta ဆိုတာ ဂဏာန်း ၅ ကို ကိုယ်စားပြု ပါတယ်။

အရှေ့ဘက် မျက်နှာပြင်မှာကတော့ Water Drop Notch ထဲမှာ 32MP Selfie Camera ထည့်သွင်းထားပါတယ်။ အရွယ်အစား 6.47 လက်မ ရှိတဲ့ ဘေးဘောင်နှစ်ဖက်က ကွေးညွတ်နေတဲ့ Curved OLED Display နဲ့ သူ့ရဲ့ အောက်မှာတော့ မျက်နှာပြင်အောက် လက်ဗွေဖွင့်စနစ် Under-display Fingerprints Scanner လည်း ပါဝင်ပါတယ်။

အတွင်းပိုင်းမှာတော့ အခု လက်ရှိ Mid-range Chipset ‌တွေထဲမှာ အမြင့်ဆုံးတစ်ခု ဖြစ်တဲ့ Snapdragon 730G Chipset ပါဝင်ပါတယ်။ “G” ဆိုတာ Gaming ကို ကိုယ်စားပြုတာဖြစ်တဲ့ အပြင် ဖုန်းတစ်ခုလုံးကို စွမ်းအင် ထောက်ပံ့ပေးမယ့် ပမာဏ 5260 mAh ရှိတဲ့ Battery အကြီးစားကြီးလည်း ပါဝင်တာမို့ မိုဘိုင်း ဂိမ်းမာတွေ အကြိုက်လို့ ဆိုရမှာပါ။ 

 30W အားအမြန်သွင်းစနစ်လည်း ပါဝင်ပြီး 0 to 100% အားအပြည့်သွင်းဖို့ ၆၅ မိနစ် နဲ့ 0 to 58%  ဆိုရင် မိနစ် ၃၀ အသီးသီး ကြာမြင့်မယ်လို့ ဆိုထားပါတယ်။ 

3.5 mm နားကြပ်ပေါက်ပါဝင်မှာ ဖြစ်တဲ့ အပြင် (High-Res) High-Resolution Audio လို့ ခေါ်တဲ့ အရည်အသွေးမြင့် အသံတွေကို ထုတ်လွတ်ပေးနိုင်တဲ့ စနစ်တစ်မျိုးကို Support ပေးနိုင်တာမို့ Mi CC9 Pro က သီချင်းကို Quality အပြည့်နဲ့ နားထောင်ရတာ ကြိုက်သူတို့အဖို့ ရွေးချယ်စရာ တစ်ခုဖြစ်လာမှာပါ။

Mi CC9 Pro မှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ သူ့ရဲ့ ဈေးနှုန်းလို့ဆိုရမှာပါ။

6+128GB 2799 Yuan ၆သိန်းခွဲ ဝန်းကျင်

8+128GB 3099 Yuan ၇သိန်း ဝန်းကျင်

8+256GB 3499 Yuan ၈သိန်းဝန်းကျင်

ဈေးနှုန်းက Upper Mid-range လို့ ဆိုလို့ရတဲ့ အနေအထားမှာ ရှိပေမယ့် တခြားအပိုင်းတွေကို မကြည့်ဘဲ သူ့ရဲ့ ကင်မရာတစ်ခုတည်းကိုပဲကြည့်မယ်ဆိုရင်တောင် အရမ်းတန်တဲ့ အနေအထားလို့လည်း ပြောလို့ရပါတယ်။ 

ကဲ…Mi CC9 Pro လေးကို ဘယ်လိုမြင်ကြလဲဗျ…?

#Anycall_Mobile #MiCC9Pro